e martë, 27 mars 2007

another

hello

e hënë, 26 mars 2007

ပျော်ရွှင်စရာအမှတ်တရနေ့

လူတိုင်းမှာအမှတ်တရနေ့ရက်လေးတွေ ရှိဖူးကြမှာပါ။ ဒီနေ့ကတော့ ကောင်မလေးတယောက်ရဲ. အမှတ်တရနေ့လေးတရက်ပါ။ ဒါ့ကြောင့် ကောင်မလေးဟာ ဒီနေ့အတွက် အရာရာပြည့်စုံလှပနေပါတယ်။
ဒီနေ့တရက်ထဲမှမဟုတ်ပါဘူး။ သူမဟာ လတစ်လရဲ. ၂၆ ရက်နေ့ကိုရောက်တိုင်း ပြီးပြည့်စုံနေတဲ့ အလှတရားတွေကိုရရှိတတ်ပါတယ်။ သူမအတွက်တော့ ၂၆ ရက်တိုင်းမှာကြည့်လေရာ အလှတရားတွေဖြစ်ပေါ်နေပါတယ်။ အားလုံးပဲကောင်မလေးနည်းတူခံစားကြည့်ရအောင်ရွှေတိဂုံစေတည်တော်ကြီးသည် ယနေ့ပိုမိုကြည်ညိုစရာကောင်းနေသည်။
သွားလာနေကြသောလူတွေအားလုံးလှပနေကြသည်။
သူတို့နှစ်ကောင်လည်းလှသည်။
ဦးဇင်းကြီးလည်းလှသည်။
ဖွားသီလလည်းလှသည်။

ဆရာတွေလည်းလှသည်။

လူကူးမျဉ်းကျားကြီးလည်းလှသည်။

ပန်းကလေးလည်းလှသည်။သူငယ်ချင်းတွေလည်းလှသည်။

သူကြီးလည်းလှသည်။




သူလည်းလှပစွာပြုံးနေသည်။
ထိုသို့၊ အဘယ်သို့ ၊ ၄င်းကြောင၊့် အကြောင်းကြာင့် သူမသည် ဘ၀တသက်တာရဲ. ၂၆ ရက်တိုင်းတွင် ပျော်ရွင်စွာနေထိုင်သွားပါလိမ့်မည်။
ထို့ကြောင့် သူမနည်းတူ ၂၆ ရက်တိုင်းတွင် လူတိုင်းပျော်ရွှင်နိုင်ကြပါစေ။